၃။ နံနက်ယံသီချင်း

 ( ဆာ၊ ၅၇း၈ )
၁ ထ၊ ငါ့ဝိညာဥ်၊ နေ့နှင့်အတူ၊
 သင်၏ဝတ်ကို နေ့စဥ်ပြုမူ၊
 နံနက်ဝတ်ကိုပြုအံ့သောငှာ။
 ပျင်းရိခြင်းကင်း၊ စောစောထပါ။

၂ လွန်သောအချိန် ရွေးနုတ်ပြုပြင်၊
 ယနေ့ပင်လျှင် နောက်ဆုံးဟုထင်၊
 သတိပြု၍ စိတ်ဉာဏ်တိုးစေ၊
 မဟာနေ့ဖို့ အသင့်ပြင်လေ။

၃ မြွတ်ဆိုတိုင်း၌ ဖြောင့်မှန်အစဉ်၊
    သဘောစိတ်လည်းမှန်လိုကြည်လင်။
    ကွယ်ရာကြံစည်ပြုလေရာမူ။
    ဘုရားသခင်ရူမြင်တော်မူ။
 
၄ ခမည်းတော်၊ သားတော်၊ ဝိညာဥ်တော်၊
   ပေါင်းလျက်တစ်ဆူ ဘုရားဖြစ်သော်၊
   ကောင်းကင်ဗိုလ်ခြေ မြေနေလုံးစုံ၊
   ဂုဏ်ကျေးဇူးကို ချီးမွမ်းဆိုကုန်။



0コメント

  • 1000 / 1000