၈။ ကိုယ်တော်အပါးချဉ်းကပ်ကျူး
( လု၊ ၉း၁၁ )
၁ ညနေချမ်းနေဝင်ချိန်အခါ၊
ကိုယ်တော်ပတ်လည်သူနာအများ၊
ဝိုင်းဝန်းတိုးဝှေ့ ဆည်းကပ်ကြရာ၊
ရောဂါကင်းလျက်သွားကြရပါ။
၂ ကျွန်ုပ်တို့သည် ထိုသို့ပမာ။
ရောဂါအမျိုးမျိုးနှင့်ကပ်လာ၊
ကိုယ်တော်ကို မျက်မှောက်မရှုသာ၊
သို့သော်ကိုယ်တော်ရှိကြောင်းသိရ။
၃ ကိုယ်တော်မေတ္တာတွေ့ကြသောအခါ၊
မေ့လျော့ကြပြီအနာရောဂါ၊
အို၊ ကယ်တင်ရှင်ကျွန်ုပ်တို့မှ၊
ဆင်းရဲဒုက္ခကယ်ရှင်းမူပါ။
၄ ကိုယ်တော်လက်တော်နှင့်တို့မူပါ။
ကိုယ်တော်အသံတော် လွန်သာယာ။
ဤညနေချမ်းနေဝင်ချိန်ခါ၊
ကယ်မချမ်းသာ ပေးတော်မူပါ။
0コメント