၁၀။ ညဦးယံဂုဏ်တော်ကျူး
( ဆာ၊ ၉၁း၄ )
၁ ကျွန်ုပ် ဘုရားပေးတော်မူရာ၊
ကျေးဇူးတော်တွက် ဤညဉ့်ခါ၊
တန်ခိုးတော်ဖြင့်ထိန်းပါအရှင်။
၂ ယနေ့ပြုသောအပြစ်များကို၊
သားတော်အားဖြင့် ခွင်လွှတ်စေလို။
မအိပ်ပျော်ခင် ကိုယ်တော်မြတ်ပါ၊
ခပ်သိမ်းသူနှင့်သင့်တင့်စေရာ။
၃ သချိုင်းတွင်းကို အိပ်ရာကဲ့သို့
မကြောက်ရွံဘဲ နေနိုင်ဘို့ရာ
နောက်ဆုံးနေ့၌ ထမြောက်ပြန်ခါ၊
အောင်မြင်ခြင်းကိုမတော်မူပါ။
၄ ကျွန်ုပ်ဝိညာဉ် ကိုယ်တော်ရှေ့မှာ၊
ချမ်းသာစွာ အိပ်ပျော်ခွင့်ပေးပါ။
နိုးသောအခါ ကိုယ်တော်မြတ်ကို၊
တိုး၍ဆည်းကပ်စေတော်မူပါ။
0コメント