၁၆။ ထောမနာများ

၁ ကောင်းကျိူးလုံးစုံပေးသောဘုရား၊
 ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်၊
 အထက်အောက်ရှိရှိသတ္တဝါ
 ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလော့။

၂ တစ်ဆူဘုရားဖြစ်တော်မူသော
 ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်၊
 ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကုန်၊
 နိမိတ္တသတ္တဝါလုံးစုံ။

၃ သုံးပါးပေါင်းလျက် ရှိတော်မူသော၊
 ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်၊
 တစ်ဆူဘုရားကိုချီးမွမ်းကုန်၊
 ဝေနေယျသတ္တဝါအလုံးစုံ။



0コメント

  • 1000 / 1000