၂၄။ ထောမနာကျူး

၁ မြတ်စွာဘုရားရှင်စော၊
 အတုမရှိမပေါ်၊
 ချီးမွမ်းကုန်လော့
 ကိုယ်တော်ဘုရားမှန်လေ၊
 ကိုးကွယ်ကိုးစားရာပေ။
 လူပေါင်းမဆိုင်းမနှေး၊
 ဝန်ခံပါစေ။

၂ ယေရှုမျက်နှာတော်မှာ
 ဘုန်းတော်ရောင်ခြည်ထွန်းရာ၊
 မဟာမေတ္တာ။
 ထိုမြတ်လှသောအလင်း၊
 သိစေသောဉာဏ်အလျင်
 မြေကြီးအစွန်းတိုင်လျှင်
 လွှတ်ပါအရှင်။

၃ ပြစ်ရှိသူသတ္တဝါ။
 ချွတ်တော်မူခြင်းမေတ္တာ
 ဝန်ခံကုန်ကြ။
 နာမတော်အားရိုသေ
 လေးမြတ်ဖွယ်ရာဖြစ်စေ၊
 ကိုယ်တော်ဘုရားမှန်ပေ၊
 ချီးမွမ်းကုန်လေ။



0コメント

  • 1000 / 1000