၂၇။ ဝတ်မပြုမီကျူး

 ( ဆာ၊ ၁၀၄း၃၀ )
၁ ရှေ့တော်၌တပည့်တော်များ
 ဝတ်ပြုအောင်စုဝေးသောခါ
 ကြည့်ရှုတော်မူပါ။
 ခုမှလည်းကျွန်ုပ်တို့သည်
 ရှေ့တော်၌စုဝေးပါပြီ
 အိုကျေးဇူးရှင်ကြီး။

၂ သန့်ရှင်းသောမဟာဝိညာဉ်
 မိုးကဲ့သို့ သွန်းလောင်းရွာဆင်း
 အိုကျေးဇူးသခင်
 ယုံကြည်ခြင်းအစရှိသော၊
 ပါရမီတိုးခြင်းသဘော
 သွင်းပေးတော်မူပါ။

၃ ရှေ့တော်၌ ကျွန်ုပ်တို့သည်
 ဉာဏ်ပညာအလျဉ်းမရှိ
 လွန်မိုက်လှပါ၏။
 နှုတ်တော်ထွက်အဓိပ္ပါယ်လျှင်
 ဖော်နိုင်အောင်ပညာအလင်း
 ပေးတော်မူသခင်။

၄ နှုတ်တော်ထွက်ဆိုလေရာရာ
 ကျင့်နိုင်အောင်မတော်မူပါ
 အိုအဘဘုရား
 လူခပ်သိမ်းသမ္မာတရား
 ကြားလျက် စဉ်းစားစိမ့်သောငှာ
 စီရင်တော်မူပါ။

၅ စဉ်းစားသူယုံကြည်စိမ့်ငှာ
 စိတ်အသစ်သွင်းပေးမူပါ။
 အိုအဘဘုရား။
 ခရစ်တော်၏အကျွတ်တရား
 လူခပ်သိမ်းကျင့်စိမ့်သောငှာ
 စီရင်တော်မူပါ။



0コメント

  • 1000 / 1000