၃၃။ ကိုယ်တော်နှင့်အတူရှိပါစေသောကျူး
( ရော၊ ၁၆း၂၈ )
၁ ပြန်၍ကြုံတွေ့ ရကြသည့်တိုင်အောင်၊
ကိုယ်တော်သင့်နှင့်တူရှိစေသော။
သင့်ကိုသွန်သင်၊ လမ်းပြ၊ စောင်မ၊
သိုးခြံတွင်လုံခြုံစွာသိမ်းစေသော။
ထပ်ဆိုရန် -
ယေရှုရှင်၊ ခြေတော်ရင်း၊
ပြန်၍ကြုံတွေ့သည့်တိုင်အောင်၊
ကိုယ်တော်ရှင်သင်တို့နှင့်၊
စဉ်မပြတ်အတူရှိပါစေသော။
၂ ပြန်၍ကြုံတွေ့ရကြသည့်တိုင်အောင်၊
ကိုယ်တော်သင်နှင့်အတူရှိစေသော။
အတောင်တော်မြတ်အောက်မှာကွယ်ကာ၊
နေ့စဉ်မန္နမုန့်ကိုပေးစေသော။
၃ ပြန်၍ကြုံတွေ့ရကြသည့်တိုင်အောင်၊
ကိုယ်တော်သင်နှင့်အတူရှိစေသော။
ဒုက္ခထူထပ်ကျရောက်သောခါ၊
လက်တော်ဖြင့် သင့်ကိုပိုက်ပွေ့စေသော။
၄ ပြန်၍တွေ့ရကြသည့်တိုင်အောင်၊
ကိုယ်တော်သင်နှင့်အတူရှိစေသော။
ချစ်ခြင်းအလံလွင့်ထူစေလျက်၊
သေခြင်းလှိုင်းတံပိုးကို ငြိမ်စေသော။
0コメント