၃၈။ သန့်ရှင်းတော်မူခြင်းကျူး
(ဗျာ၊ ၄:၈ )
၁ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ အနန္တတန်ခိုးမင်း၊
နံနက်စောစောကိုယ်တော်မြတ်ကိုချီးမွမ်းအေးကျူးမည်။
သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ စွမ်းကြီးကရုဏာရှင်၊
သုံးပါးတစ်ဆူတည်းသောဘုရားသခင်။
၂ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ ကောင်းကင်သားအပေါင်းတို့၊
ပလ္လင်တော်ရှေ့ သရဖူကိုချလျက်ကိုးကွယ်ကြ။
ကောင်းကင်တမန်သရပ်ရှေ့တော်၌ပျပ်ဝပ်သည်။
ပြောင်းလဲခြင်းကင်းသောထာဝရဘုရား။
၃ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ မှောမိုက်ခြင်းဖြင့်ကွယ်လျှင်၊
ပြစ်ရှိသောလူမျိုးသည် ဘုန်းတော်ကိုမမြင်နိုင်ရာ။
ကိုယ်တော်သာလျှင်သန်းရှင်း၊ အတုမဲ့ဘုရင်မင်း။
မေတ္တာဖြူစင်ခြင်း၊ တန်ခိုးစုံလင်ပါ။
၄ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ အနန္တတန်ခိုးမင်း၊
ကောင်းကင်မြေကြီးပင်ယ်၌ ဖန်ဆင်းသောအရာများ၊
ချီးမွမ်းအေးကျူးနေသည်၊ အို...ကရုဏာတော်ရှင်
သုံးပါတစ်ဆူတည်းမင်္ဂလာဘုရား။
0コメント