၄၂။ ကျေးဇူးတင်ခြင်းကျူး

 ( ၁ကော၊ ၂၉:၁၃ )
၁ မြေကြီးကို ဖန်ဆင်းရှင်မြတ်အား၊
 ကျေးဇူးတင်သည်။
 ဝမ်းမြောက်ခြင်း၊ အလင်းဘုန်းတော်များ
 ပြည့်ဝလျက်ရှိ၊
 ကောင်းမြတ်ကြီးကျယ်၊ အံ့ဖွယ်ရာများ၊
 များစွာရှိ၏။

၂ ဝမ်းမြောက်ခြင်းလည်း စုံလင်လှ၏၊
 ကျေးဇူးတင်သည်။
 ကောင်းမူကြံစည် ပြုမှုခြင်းလည်း၊
 ပတ်လည်ဝိုင်း၏။
 မြေပေါ်မှောင်ဆုံးရပ်တွင်မေတ္တာ၊
 ရောင်ခြည်သန်းသည်။

၃ ဝမ်းမြောက်ခြင်းမှာ ဝမ်းနည်းခြင်းရှိ၊
 ကျေးဇူးတင်သည်။
 အလင်းထဲမှာ မှောင်ရိပ်ကျသည်၊
 ဆူးကျန်ရစ်၏။
 လောကီချမ်းသာ မချုပ်နှောင်ပြီ။
 လမ်းသာပြသည်။



0コメント

  • 1000 / 1000